ရေထိန်းထားနိုင်စွမ်းအားဆိုသည်မှာ အပင်မှရေစုပ်ယူရရှိနိုင်သည့်စွမ်းအားနှင့် အပင်ညှိုးသည့် အမှတ်အတွင်းရှိသော ရေပမာဏကိုဆိုလိုပါသည်။ မြေကြီး၏ ရေထိန်းထားနိုင်စွမ်းအားကို လေဝင် လေထွက်ပေါက် အရေအတွက်၊ အရွယ်စား၊ မြေကြီးတွင်းပျံ့နှံ့တည်ရှိနေမှု နှင့် မြေကြီးမျက်နှာပြင် ဧရိယာစသည့်အချက်တွေက လွမ်းမိုးထားပါသည်။ ထို့အပြင် မြေသားအနုအကြမ်း၊ သိပ်သည်းစ တို့ကလည်း ရေထိန်းထားနိုင်စွမ်းအားကို လွမ်းမိုးနိုင်ပါသည်။
သဲဆန်သောမြေသည် ရွံ့စေးမြေနှင့် နှိုင်းယှဉ်လျှင် လေဝင်လေထွက်ပေါက်များ၏မျက်နှာပြင် ဧရိယာပို၍နည်းပါသည်။ ထို့ကြောင့် ရေထိန်းထားနိုင်မှု မြင့်သည့် အခြေနေတွင် ရေအနည်းငယ်ကိုသာ ထိန်းထားနိုင်ပါသည်။ သက်ရှိစွန့်ပစ်ပစ္စည်းများ ထည့်ပေးခြင်းအားဖြင့် မျက်နှာပြင်ဧရိယာ ပို၍ တိုးလာ ပြီး ရေထိန်းထားနိုင်သည့် ပမာဏတိုးစေနိုင်ပါသည်။ နွားချေး၏ ရေထိန်းထားနိုင်မှုသည် မြေဆွေးထက် ပို၍များတာကို တွေ့ရှိရပါသည်။ ထို့ကြောင့် စိုက်ပျိုးမြေတွင် နွားချေးထည့်ပေးခြင်းသည် ရေထိန်းထား နိုင်စွမ်းကို တိုးစေပြီး ရေသုံးစွဲသည့်စွမ်းရည်ကို တိုးတက်စေပါသည်။
ပြည့်ဝသည့်အခြေနေ (Saturation)
မိုးရွာသည့်အချိန် သို့မဟုတ် ရေသွင်းသည့်အချိန်တွင် လေပေါက်လေးများတွင် ရေပြည့်နေပါ သည်။ လေပေါက်များတွင် ရေပြည့်နေသည့်အချိန်ကို မြေကြီးသည်ရေပြည့်ဝသော အခြေနေ ဖြစ်ပါသည်။ ထို့အခြေအနေတွင် လေအတွက် နေရာမရှိပေ။ ရေပြည့်ဝနေသော မြေကြီးကို လက်ဖြင့် စုပ်လိုက်လျှင် လက်ချောင်းလေးများကြားမှ တချို့သော ရွံ့ရေများ စိမ့်ကျနေပါလိမ့်မည်။ ထိုသို့ ဖြစ်နေသော မြေကြီးသည် ပြည့်ဝသော မြေကြီးဖြစ်ပါသည်။
ထိုအခြေနေသည် ၂-၅ ရက် ထက်ကျော်သွားမည်ဆိုရင် စပါးမှလွှဲ၍ သီးနှံအများစုသည် ခံနိုင်ရည်မရှိပါ။ အပေါ်ယံမြေလွှာ (စိုက်ပျိုးလို့ရသောမြေလွှာ)၏ ပြည့်ဝသည့်အချိန်သည် ပုံမှန်အားဖြင့် မကြာရှည်တတ်ပါ။ မိုး သို့မဟုတ် ရေသွင်းခြင်း ပြီးဆုံးသွားပြီးနောက် အရွယ်စားကြီးသော လေပေါက် များအတွင်းရှိ ရေများသည် အောက်သို့ စိမ်းဆင်းသွားပါသည်။ ထိုဖြစ်စဉ်ကို ရေစိမ့်ဆင်းသွားသည့် ဖြစ်စဉ်ဟု ခေါ်ပါသည်။
အပင်မှရေစုပ်ယူရရှိနိုင်သည့်စွမ်းအား (Field Capacity)
ရေစိမ့်ဆင်းမှုပြီးသွားပြီးနောက် အရွယ်စားကြီးသော လေပေါက်များထဲတွင် ရေနှင့် လေ နှစ်မျိုးလုံး ပြည့်နေပြီး အရွယ်စားသေးသော လေပေါက်လေးများတွင်မှု ရေများဖြင့် ပြည့်နေဆဲ ဖြစ်ပါသည်။ ထိုအခြေနေကို အပင်မှရေစုပ်ယူရရှိနိုင်သည့်စွမ်းအား ဟုခေါ်ပါသည်။ ထိုအချိန်တွင် မြေကြီးတွင် ရေနှင့်လေရှိ နှစ်မျိုးလုံးရှိနေသည့် အချိန်သည် အပင်ကြီးထွားဖို့အတွက် အကောင်းဆုံးအချိန် ဖြစ်ပါသည်။
ထာဝရ အပင်ညှိုးမှတ် (Permanent Wilting Point)
မြေကြီးတွင် သိုလှောင်ထားသော ရေများကို အပင်အမြစ်မှ စုပ်ယူသွားသောကြောင့် သို့မဟုတ် အပေါ်ယံမြေမျက်နှာပြင်မှ လေထုထဲသို့ အငွေ့ပျံသွားခြင်းကြောင့် ရေများ နည်းနည်းသွားပါသည်။ အကယ်၍ မြေကြီးကို ရေထပ်လောင်းခြင်းမရှိလျှင် မြေကြီးသည် တဖြည်းဖြည်း ခြောက်လာပါသည်။ မြေကြီးခြောက်သွေ့သွားလျင် မြေတွင်ရှိနေသော ရေကို ပိုမိုတင်းကြပ်စွာ ထိန်းထားသည့်အတွက် ကြောင့် အပင်အမြစ်မှ ရေစုပ်ယူရန် ပို၍ခက်ခဲလာပါသည်။ ထိုထိကျသည့်အဆင့်တွင် အပင်မှ လိုအပ်သော ရေလိုအပ်ချက် ပြည့်ပြည့်ဝဝရရှိရန် ရေကို မစုပ်ယူနိုင်ပေ။ ထို့နောက် အပင်မှညှိုးသွားပြီး အရွက်များသည် အစိမ်းရောင်မှ အဝါရောင်သို့ ပြောင်းသွားပါသည်။ နောက်ဆုံးတွင် အပင်သည် သေသွားပါသည်။ အပင်သေသွားသည့် မြေကြီးတွင်းရှိသည့် ရေပမာဏကို ထာဝရအပင်ညှိုးသည့် အမှတ် ဟုခေါ်ပါသည်။
