မြေအမျိုးစားအမျိုးမျိုးရှိသည့်အနက် တမျိုးစီမှာ ကိုယ်ပိုင်လက္ခဏာရပ်တွေ ရှိနေပါတယ်။ ဘယ်မြေအမျိုးစား ကိုမဆို နက်နက်တူးကြည့်မယ်ဆို အလွှာ (O, A, E, B, C, R) တွေရှိတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ထိုလွှာတွေ အတူပေါင်းကြည့်လျှင် မြေလွှာကိုဖြစ်ပေါ်စေပါသည်။ ကိုယ်ရေးအတ္ထုပ္ပတ္တိ သကဲ့သို့ မြေလွှာတခုစီသည် မြေကြီး၏သက်တမ်းကို ပြောပြနေပါသည်။ မြေအများစုသည် အဓိကမြေလွှာ (၃)လွှာပါဝင်နေပြီး တချို့တွင် (O) အလွှာပါဝင်ပါသည်။ မြေလွှာများသည် အောက်ပေါ်ပြပါအတိုင်း ဖြစ်ပါသည်။
*O (အို) (သစ်ဆွေးမြေ သို့ သက်ရှိပစ္စည်းပါဝင်သောမြေ) – အများစုသည် သက်ရှိပစ္စည်းများ ဥပမာ သစ်ရွက်များဆွေးမြေ့ခြင်း။ O မြေလွှာသည် တချို့တွင် ပါးလွှာပြီး တချို့တွင် ထူပါသည်။ တချို့မြေများတွင် လုံးဝမပါရှိပါ။
*A (အေ) (အပေါ်ယံမြေလွှာ) – မိခင်ကျောက်သားမှ အများစုသော သက်မဲ့ပစ္စည်းများနှင့် သက်ရှိပစ္စည်းများ ပါဝင်ပေါင်းစပ်နေခြင်း။ အပင်နဲ့ သက်ရှိလေးများ ရှင်သန်ရန်အတွက် ကောင်းမွန်သော မြေလွှာပဲ ဖြစ်ပါသည်။
*E (အီး) (မြေပြင်အမြင့်) – ရွံ့စေး၊ သက်မဲ့ပစ္စည်းနှင့် သက်ရှိပစ္စည်းများ စမ့်ဝင်သည့်အလွှာ သဲ နှုန်းများ၊ တခြားသော ပစ္စည်းများကျန်ခဲ့ခြင်းဖြင့် မြေပြင်မြင့်လာခြင်း။ မြေအများစုတွင်မတွေ့ရပါ။ သို့သော် သက်တမ်းရင့်သော မြေများနှင့် သစ်တောမြေများ တွင် တွေ့ရပါသည်။
*B (ဘီ) (မြေအောက်လွှာ)- A သို့ E အလွှာမှ သက်မဲ့ပစ္စည်း (သတ္တုဓာတ်) များ စိမ့်ထွက်လာပြီး စုပုံလာသောကြောင့် သတ္တုဓာတ်များ ပေါများသည့်မြေလွှာ ဖြစ်ပါသည်။ Subsoil ဆိုတာ မြေကြီးရဲ့ မျက်နှာပြင်အောက်က topsoil (မြေဆီလွှာ အပေါ်ဆုံးအလွှာ) ရဲ့ အောက်မှာရှိတဲ့ အလွှာဖြစ်ပါတယ်။
*C (စီ) (မိခင်ကျောက်သား) – မြေသားဖြစ်ပေါ်ရန် ကမ္ဘာမြေမျက်နှာပြင်မှ စုပုံလာသောမြေလွှာ။
*R (အာ) (အောက်ခံကျောက်လွာ) – တချို့မြေများအတွက် မိခင်ကျောက်သားဖြစ်ပေါ်မှာ ရှိသော အောက်ခံ ကျောက်လွှာ။ ထိုကျောက်ကြမ်းပြင်သည် မြေ မဟုတ်ဘဲ C အလွှာအောက်တွင် တည်ရှိပါသည်။
* တည်ဆောက်ပုံ – သစ်သား၊ ကျောက်တုံး၊ ကွန်ကရစ် ဒါမှမဟုတ် တခြားပစ္စည်းတွေနဲ့ ဘောင်ခတ်ပြီး မြေကြီးကို မြှင့်တင်ကာ မြေဆွေး၊ မြေဩဇာတို့နဲ့ ရောစပ်ထားတဲ့ အရည်အသွေးမြင့် မြေသားကို ဖြည့်သွင်း စိုက်ပျိုးကြပါတယ်။
* အသုံးပြုမှု – အိမ်တွင်းဥယျာဉ်ခြံမြေစိုက်ပျိုးရာမှာ၊ မြေကြီးအခြေအနေမကောင်းတဲ့နေရာတွေမှာ (ဥပမာ- ရွှံ့မြေ၊ ရေဝပ်မြေ)၊ ဒါမှမဟုတ် မြေမျက်နှာပြင် အနေအထား မညီညာတဲ့နေရာတွေမှာ အသုံးများပါတယ်။
