မြေမှုန်လေးများဖြစ်သည့် သဲ၊ နုန်းနှင့် ရွံ့စေး ပေါင်းစပ်ဖွဲစည်းသည့် နည်းလမ်းများကြောင့် မြေသားဖွဲ့စည်းပုံ (Soil Structure) ဖြစ်ပေါ် လာပါသည်။ မြေမှုန်တစ်ခုခြင်းစီ ပေါင်းစပ်မှုကြောင့် အရွယ်စားပို၍ကြီးသွားပါသည်။ ထိုအရာကို မြေလုံးမြေခဲ (Aggregates) ဟုခေါ်ပါသည်။ မြေလုံးမြေခဲ (Aggregates) များသည် ပုံစံအမျိုးမျိုး ကွဲပြားတာကို တွေ့နိုင်ပါသည်။
မြေသားတည်ဆောက်မှု အဆင့်အတန်း (Grades of soil structure)
မြေလုံးမြေခဲလေးများအချင်းချင်း တွယ်ကပ်နိုင်စွမ်းအား(ပြင်းအား)ကို ဆိုလိုပါသည်။ ထိုတွယ်ဆက်နိုင်စွမ်းသည် မြေကြီးအစိုဓာတ်ပါဝင်မှုအပေါ်တွင် များစွာမူတည်ပါသည်။ မြေသား တည်ဆောက်မှု အဆင့်အတန်းကို မစိုလွန်းမခြောက်လွန်းသည့် အချိန်တွင် ဆုံးဖြတ်နိုင်ပါသည်။ မြေသားတည် ဆောက်မှု အဆင့်တန်းသည် (၀) မှ (၃) ထိ စုစုပေါင်း အုပ်စု (၄) စု ရှိပါသည်။
၀။ မြေသားတည်ဆောက်မှု ပုံစံမရှိသော ပုံစံသည် သိသာထင်ရှားသော မြေလုံးမြေခဲမရှိခြင်း၊ တိကျသော အစင်လိုက်စီစဉ်ထားရှိမှု မရှိခြင်း။
အဆိုင်အခဲပုံစံ – မြေလွှာတခုလုံးသည် အင်းကတေဖြင့် ကပ်ထားသလို အစိုင်ခဲပုံစံ တည်ဆောက် ထားခြင်း။
မြေသားတလုံးတည်းပုံစံ – သန့်စင်သော သဲ သကဲ့သို့ မြေလုံးမြေခဲလေများ တွယ်ကပ်မှုမရှိဘဲ သီးသန့်တည်ရှိနေခြင်း။
၁။ အားနည်းသော မြေသားတည်ဆောက်မှုသည် နေရာတွင် မထင်မရှားတွေ့ရသော မြေသား တည်ဆောက်မှုပုံစံဖြစ်ပါသည်။ မြေသားအလွှာမှ ဖယ်ရှားလိုက်သည့်အချိန်တွင် မြေကြီးသည် မြေလုံးမြေခဲအဖြစ် ပြိုကွဲသွားပါသည်။
၂။ အလယ်အလတ် သန်မာသောမြေသား တည်ဆောက်မှုသည် ထင်ရှားသောမြေလုံးမြေခဲလေးများ မှ ကောင်းစွာဖြစ်ပေါ်သည်။ မြေကြီးအလွှာမှ ဖယ်ရှားလိုက်သည့်အချိန်တွင် ထင်ရှားသော မြေလုံး မြေခဲများစွာဖြင့် ပြိုကွဲသွားပါသည်။
၃။ သန်မာသောမြေသားတည်ဆောက်မှုသည် ကြာရှည်ပြီး လုံးဝထင်ရှားပါသည်။ မြေကြီးလွှာမှ ဖယ်ရှားလိုက်သည့်အချိန်တွင် မြေကြီးတွင်ပါဝင်သော ပစ္စည်းများသည် မြေလုံးမြေခဲပုံစံဖြစ်ရှိနေပြီး တချို့သည်သာလျင် မြေလုံးမြေခဲပုံစံ ဖြစ်ရှိနေပါသည်။
မြေသားတည်ဆောက်မှု အဆင့်တန်းနှင့် အမျိုးစားများ (Classes and types of soil structure)
မြေသားတည်ဆောက်မှု အဆင့်တန်းကို ဖော်ပြမည်ဆိုရင် မြေလုံးမြေခဲ တခုစီရဲ့ ပျမ်းမျှအရွယ်စား ဖြင့် ဖော်ပြနိုင်ပါသည်။ ၎င်းတို့ဖြစ်ပေါ်လာသော မြေသားအဆင့်အတန်းနှင့် ဆက်စပ်ပြီး ထင်းရှား သော အဆင့်အတန်း (၅) မျိုး ခွဲခြားနိုင်ပါသည်။ ၎င်းတို့မှာ
အလွန်နူးညံ့သော (သို့ ) အလွန်ပါးလွှာသော
နူးညံ့သော (သို့ ) ပါးလွှာသော
မနူးညံ့ မကြမ်းတန်းသော ကြားအခြေအနေ
ကြမ်းတန်းသော (သို့ )ထူသော
အလွန်ကြမ်းတန်းသော (သို့ ) အလွန်ထူသော
မြေသားတည်ဆောက်မှုကို မြေလုံးမြေခဲ တစ်ခုစီ၏ ပုံစံ ဖြင့်ဖော်ပြလေ့ရှိပါသည်။ ယေဘုယျ မြေကြီးပညာရှင်များ မြေသားတည်ဆောက်မှုအမျိုးစား (၇) မျိုး ရှိသည်ဟု သတ်မှတ်ထားပါသည်။ ၎င်းတို့မှာ
၁။ Granular – အလုံးအခဲပုံသဏ္ဏာန်
လုံးဝိုင်းသော မြေလုံး၊ မြေခဲများဖြင့် ဖွဲ့စည်းထားသည်။ အချင်း ၀.၂၅ လက်မ ထက် သေးငယ်ပြီး မြေလုံးလေးများသည် ကြေကွဲလွယ်သည်။ အပေါ်ယံမြေလွှာတွင် တွေ့ရသည်။
၂။ Blocky – အတုံးအခဲပုံသဏ္ဏာန်
အလျား၊ အနံ၊ အမြင့် တူညီလုနီးပါးရှိသော မြေအတုံးအခဲများနှင့် ဖွဲ့စည်းထားသည်။ မြေ၏ဒုတိယ အလွှာတွင် ရေပြင်ညီအတိုင်းတွေ့ရသည်။
၃။ Columnar – ဒေါင်လိုက်-ဆားခွက်သဏ္ဏာန်
တိုင်ပုံသဏ္ဍန် ဒေါင်လိုက်ဖွဲစည်းထားသည်။ ထိပ်ပိုင်းလုံးဝိုင်းသည်။ ခြောက်သွေ့ရာသီရှိသော နေရာများ၊ ဆိုဒီယမ်ပါဝင်မှုများသော မြေတွင်တွေ့ရသည်။
၄။ Prismatic – ဒေါင်လိုက်-မြှောင်းပုံသဏ္ဏာန်
သုံးမြှောင့်ပုံ ဒေါင်လိုက်ဖွဲ့စည်းထားသည်။ ထိပ်ပိုင်းပြန့်သည်။ မြေစေးများသောမြေ (ရှုံ့နိုင်/ ကျယ်နိုင်သောမြေ)၏ ဒုတိယအလွှာတွင်တွေ့ရသည်။
၅။ Platy – ပါးလွှာ ပြားချပ်ပုံသဏ္ဏာန်
ပါးလွှာ ပြားချပ်သောအလွှာများ သိပ်သည်းစွာ အချပ်လိုက်တွေ့ရသည်။ ရေအောက်သို့ စိမ့်ဆင်းမှုကို ဟန့်တားထားသည်။ ဒုတိယအလွှာတွင် တွေ့ရသည်။
၆။ Wedge – သပ် ပုံသဏ္ဏာန်
သပ်ချောင်းပုံမြေမှုန်လေးများနှင့် ဖွဲ့စည်းထားသည်။ စေးကပ်သောမြေများတွင် တွေ့နိုင် သည်။ မြေသားတည်ဆောက်ပုံ အလိုက် မြေ၏ဂုဏ်သတ္တိများ ကွာခြားသွားစေသည်။
၇။ Single – သီးခြားကွဲပြားပုံသဏ္ဏာန်
မြေမှုန်တစ်မှုန်ချင်းစီ သီခြားကွဲထွက်နေပြီး ပေါင်းစပ်မှုမရှိ။ အလွန်သဲဆန်သောမြေ၊ ပင်လယ်ကမ်းခြေမှ သဲများတွင် တွေ့ရသည်။
