အာဟာရအကျိုး ကျေးဇူးများ (Nutrient Benefit) သီးနှံ၏အစေ့၊ အဆန်ဖြစ်ပေါ်ကြီးထွားရန် မရှိမဖြစ်လိုအပ်ပါသည်။ပန်းပွင့်ကာလကြာရှည်ခြင်း၊ဝတ်မှုန်ပေါက်ကွဲအားကောင်းစေ၍ မျိုးဆက်ပွားမှုကောင်းစေသည်။ ဆောက်ရန် အတွက်လည်းအဓိကလိုအပ်ပါသည်။သီးညှာကို ခိုင်စေသည်။အပင်ဆဲလ်နံရံများ ဖွဲ့စည်းတည် အပင်မှစုပ်ယူသော အာဟာရပုံစံ (Nutrient Uptake Form) အပင်သည် အဓိကအားဖြင့် ဘိုရွန်ကို ဘိုးရစ်အက်ဆစ် (H3BO3) ပုံစံဖြင့် စုပ်ယူပါသည်။အချို့အပင်များသည် ဘိုရိတ် (H2BO3-) ပုံစံဖြင့် စုပ်ယူသော်လည်း ယေဘုံယျအားဖြင့် (H3BO3) ပုံစံပဲဖြစ်ပါသည်။ ရွေ့လျားနိုင်မှု (Nutrient Mobility) ဘိုရွန်အာဟာရသည် ပင်ငွေ့ပျံသည့်လမ်းကြောင်းအတိုင်းပဲရွှေ့လျှားနိုင်သောကြောင့် အညွှန့်များမှ အရွက် ရင့်များသို့ ပြန်လည်၍ မပို့ပေးနိုင်ပါ။ချို့တဲ့သည့်လက္ခဏာများကို အရွက်နုများ၊ အသီးထိပ်များတွင် တွေ့ရပါသည်။ ဘိုရွန်ချို့တဲ့သည့် လက္ခဏာများ (Deficiency Symptom) သီးနှံပင်၏အဖူး၊ အညွှန့်တို့ကို ပျက်ဆီးစေသည်။ပန်းပွင့်လျော့ကျစေ၍ အသီးမတင်ခြင်း ကြွေကျခြင်းတို့ ဖြစ်စေပါသည်။ပန်းပွင့်၏အညှာထူပြီး ရိုးတံတိုစေပါသည်။အသီးများကို ပုံပျက်စေသည်။စပါးပင်၏ အရွက်ထိပ်ဖျားများလိပ်၍ အဖြူရောင်ပြောင်းသွာသည်။ ပဲမျိုးစုံတွင်အထွက်နည်းစေသည်။ ဘိုရွန်ချို့တဲ့မှုကို ကုစားနည်း (Management of Deficiency) Borax 0.05% ရွက်ဖျန်းအဖြစ်ဖျန်းခြင်း၊ ရေတစ်ဂါလံ ယူရီးယား ၄ဇွန်းခွဲ၊ လက်ချား (Borax) ၁ဇွန်းရော ၍ ဖျော်စပ်ပြီး သီးနှံတစ်ဧက (၂၀) ဂါလံနှုန်း အရွက်ပေါ်ပက်ဖျန်းပေးနိုင်ပါသည်။