အာဟာရအကျိုး ကျေးဇူးများ (Nutrient Benefit)

အစာချက်လုပ်ရာတွင် ပါဝင်သော ဓာတ်တိုး အင်ဇိုင်များအတွက် လိုအပ်သည်။
အသီးနှင့် ဟင်းသီး ဟင်းရွက် တို့၏ အရသာကို ကောင်းမွန်စေသည်။

အပင်မှစုပ်ယူသော အာဟာရပုံစံ (Nutrient Uptake Form)

အပင်က ကော့ပါးကို Cu2+ အိုင်းရွန်းပုံစံဖြင့် အမြစ်ကစုပ်ယူပါသည်။
Cu2+ အိုင်းရွန်းသည် မြေကြီးထဲတွင် ပေါများစွာရှိပါသည်။

ရွေ့လျားနိုင်မှု (Nutrient Mobility)

ကော့ပါးအာဟာရသည် အနည်းလိုအာဟာရများထဲတွင် အများဆုံးမရွေ့လျှားနိုင်သော အာဟာရတစ်မျိုး ဖြစ်ပါသည်။
ချို့တဲ့သည့် လက္ခဏာကို အသစ်ကြီးထွားသည့် အညွှန့်များတွင် ပထမဆုံးတွေ့ရပါသည်။

ကော့ပါးချို့တဲ့သည့် လက္ခဏာများ (Deficiency Symptom)

အရွက်ထိပ်အညိုရောင်ဖြစ်ခြင်း၊ အဝါရောင်အစက်အပြောက်များတွေ့ရပါသည်။
အစေ့အဆန်သေးခြင်းနှင့် သီးနှံအထွက်နှုန်းကို လျော့နည်းစေပါသည်။

ကော့ပါးချို့တဲ့မှုကို ကုစားနည်း (Management of Deficiency)

CuSO4 ၊ Copper Chelates ကို ရွက်ဖျန်းအဖြစ် အသုံးပြုခြင်း၊ မြေပြင်ချိန်တွင်လည်း ထည့်ပေးနိုင်ပါသည်။