အာဟာရအကျိုး ကျေးဇူးများ (Nutrient Benefit)

ကလိုရိုဖေးဖွံ့ဖြိုးရန် အတွက်လိုအပ်သည်။
အပင်တွင်း ဓာတ်တိုး/ဓာတ်လျော့ဖြစ်စဥ်များကို ထိမ်းညှိ ပေးသည်။
အင်ဇိုင်းများကို လှုံ့ဆော်လှုပ်ရှားစေသည်။
ပဲပုတ်နှင့် ဂျုံသီးနှံတို့သည် မန်းဂနိစ် လိုအပ်ချက် မြင့်မားပါသည်။

အပင်မှစုပ်ယူသော အာဟာရပုံစံ (Nutrient Uptake Form)

မန်းဂနိစ်ကို အပင်အမြစ်မှ Mn2+ ပုံစံဖြင့် စုပ်ယူပါသည်။

ရွေ့လျားနိုင်မှု (Nutrient Mobility)

မန်းဂနိစ်ဓာတ်သည် အပင်တွင်း မရွှေ့လျားနိုင်သောကြောင့် မန်းဂနိစ် ချို့တဲ့သည့်လက္ခဏာသည် အပင်၏ အရွက်နုများတွင် တွေ့ရပါသည်။
မန်းဂနိစ်ဓာတ်သည် အစာကြောတွင်း မရွှေ့လျားနိုင်သောကြောင့် ချို့တဲ့မှုဖြစ်ပေါ်နေသည့် အချိန်တွင် အရွက်ရင့်များတွင် မန်းဂနိစ် ပါဝင်မှုမြင့်မားနေပြီး အရွက်နုများတွင် ပါဝင်မှုနည်းနေပါသည်။

မန်းဂနိစ်ချို့တဲ့သည့် လက္ခဏာများ (Deficiency Symptom)

မန်းဂနိစ် ချို့တဲ့သည့် လက္ခဏာသည် Fe သံဓာတ် ချို့တဲ့မှုနှင့်ဆင်တူသည်။
Soil pH 7 အထက်(မြေငန်)တွင် ချို့တဲ့တတ်သည်။
အရွက်နုများ၏ ထိပ်ရွက်ကြောအကြားတွင် မီးခိုးရောင် အရောင်မညီ ကွက်ကြားများတွေ့ရသည်။
ရွက်နုအသစ်များ အစိမ်းရောင်ဖျော့လာခြင်း၊ အရွက်များ ချွန်ခြင်း၊ သေးသွယ်တိုတောင်းခြင်း၊ ပင်ပွားများတိုးလာခြင်း၊ အရွက်အရေအတွက်နည်းလာခြင်း၊ အပင်ပုခြင်းတို့ ဖြစ်ပေါ်စေပါသည်။

မန်းဂနိစ်ချို့တဲ့မှုကို ကုစားနည်း (Management of Deficiency)

MnSO4 သို့ MnO Manganese Chelates များကို ရွက်ဖျန်းအနေဖြင့် သုံးနိုင်ပါသည်။