အာဟာရအကျိုး ကျေးဇူးများ (Nutrient Benefit)

အစာချက်လုပ်မှုတွင် အရေးပါသည်။
အပင်၏အရွက်ကလိုရိုဖေး (အစိမ်းရောင်ခြယ်ပစ္စည်း) တွင် အပင်တွင်း အောက်စီဂျင်သယ်သောဓာတ်ကူပစ္စည်းအဖြစ် ပါဝင်ဆောင်ရွက်သည်။
မြေဆီလွှာတွင် အချိုးမှန်ပါဝင်ရန် အရေးကြီးသည်။
မြေချဥ်ငံကိန်းမြင့်သောမြေတွင်ပိုမိုစုပ်ယူနိုင်ခြင်းကြောင့် အပင်အတွက် လိုအပ်သည်ထက် ပိုလျှံနေပါက အကျိုးမရှိဘဲ အဆိပ်အတောက်ဖြစ်စေသည်။
အပင်ကြီးထွားစေသော ဟော်မုန်းများဖြစ်ပေါ်စေပြီး အင်ဇိုင်းတို့၏လုပ်ဆောင်မှုကိုကောင်းစေသည်။

အပင်မှစုပ်ယူသော အာဟာရပုံစံ (Nutrient Uptake Form)

အပင်မှ အိုင်းရွန်းဓာတ်ကို (Fe 2+) အပေါင်းဓာတ် အိုင်းရွန်းပုံစံဖြင့် စုပ်ယူပါသည်။
အိုင်းရွန်းချို့တဲ့မှုများသည် ကော့ပါး၊ မန်းဂနိစ်၊ မော်လီဒီနမ် ကဲ့သို့သော ဓာတ်များနှင့် မညီမျှခြင်းကြောင့် ဖြစ်စေနိုင်ပါသည်။

ရွေ့လျားနိုင်မှု (Nutrient Mobility)

အိုင်းရွန်းအာဟာရသည် မြေကြီးထဲတွင် ပေါများစွာရှိပါသည်။
အိုင်းရွန်းဓာတ်သည် အပင်တွင်း မရွေ့လျား နိုင်သောကြောင့် အိုင်းရွန်းဓာတ်များသည် အရွက်ရင့်များမှတဆင့် အရွက်နုများထိ (ကြီးထွားသည့် ထိပ်ပိုင်းများ) မရွေ့လျားနိုင်ပါ။
ထို့ကြောင့် ချို့တဲ့သည့် လက္ခဏာများကို အရွက်နုများတွင် တွေ့ရပါသည်။

အိုင်းရွန်းချို့တဲ့သည့် လက္ခဏာများ (Deficiency Symptom)

စပါးပင်၏ကြီးထွားစအရွက်များ၏ ရွက်ကြောများအဝါရောင်သန်းလာရာမှ တဖြည်းဖြည်း အစိမ်းရောင် ဖျော့လာခြင်းကို တရွက်လုံးတွေ့ရသည်။
အရွက်သေးငယ်ခြင်း၊ပြန့်ကားမှုမရှိခြင်း၊ အပင်ကြီးထွားမှုရပ်တံ့ ခြင်းတို့ကို တွေ့ရပါသည်။
Fe ချို့တဲ့ရခြင်းမှာ မြေဆီလွှာတွင် သံဓာတ်ပါဝင်မှုနည်းခြင်း၊ ယာမြေများ၊ မြေချဥ်ငံကိန်းမြင့်သောမြေ၊ ဆိုဒီယမ်ဆားပါဝင်မှုများသော သွင်းရေ အသုံးပြုသည့်လယ်မြေများ၊
သဲဆန်သောမြေများ၊ P:Fe အချိုး မြင့်ခြင်း စသည့်အခြေနေတို့တွင် တွေ့ရပါသည်။

အိုင်းရွန်းချို့တဲ့မှုကို ကုစားနည်း (Management of Deficiency)

သဘာဝမြေသြဇာထည့်ပေးခြင်း၊၊ အိုင်းရွန်းပါဝင်သော ရွက်ဖျန်းမြေသြဇာတို့ကို အသုံးပြုပေးနိုင်ပါသည်။
Iron Chelates (သို့မဟုတ်) Iron Ammonium Sulphate တို့ကို အသုံးပြုပေးနိုင်ပါသည်။