ရေစိမ့်ဝင်စီးဆင်းမှုသည် မြေကြီးထဲသို့ ဝင်သွားသော ရေကို ဆိုလိုပါသည်။ မြေထဲသို့ ရေဝင်သွားသည့် အရှိုန်သည် စိမ့်ဝင်စီးဆင်းသည့်နှုန်းထား ဖြစ်ပါသည်။ စိမ့်ဝင်စီးဆင်းသည့်နှုန်းထားကို လက်မ/နာရီ ယူနစ်ဖြင့် ဖော်ပြလေ့ရှိပါသည်။ မိုးရွာခြင်း သို့မဟုတ် ရေသွင်းပေးခြင်းမှ ရရှိသော ရေသည် မြေကြီးထဲသို့ စိမ့်ဝင်သွားခြင်း သည် တန်ဖိုးရှိသော ရေဖြစ်ပါသည်။ ရေသံသရာ၏ အဓိက အရေးကြီးသည့် အစိတ်ပိုင်းဖြစ်ပြီး မြေအောက်ရေ ကို ပြန်လည်ဖြည့်ပေးခြင်းနှင့် အပင်များရှင်သန်နိုင်ဖို့အတွက် လိုအပ်သော အစိုဓာတ်ကိုပေးပါသည်။ မြေကြီး အတွင်း ရေစိမ့်ဝင်မှုနှုန်းထားကို မြေအမျိုးစား၊ မြေကြီးအစိုဓာတ် နှင့် မြေမျက်နှာပြင် အခြေနေတို့အပေါ် ခြေခံ၍ ပြောင်းလည်းသွားပါသည်။

ရေစိမ့်ဝင်စီးဆင်းမှုအပေါ် လွမ်းမိုးနိုင်သည့်အချက်များ
ရေစိမ့်ဝင်နိုင်မှုနှုန်းသည် မြေသားတည်ဆောက်မှုပေါ် မူတည်နေပါသည်။ သဲဆန်သောမြေသည် လေဝင် လေထွက်ပေါက်ကြီးသည့်အတွက် ရေစီးဆင်းမှုသည် လေဝင်လေထွက်ပေါက်သေးသည် ရွံ့စေးဆန်သော မြေထက် ပို၍မြန်ပါသည်။
ရာသီဥတု၊ မြေမျက်နှာပြင် အနေအထား၊ စိုက်ခင်းစီမံခန့်ခွဲသည့် နည်းလမ်းများ၊ သီးနှံထုတ်လုပ်မှုနှင့် မြေကြီးတွင်းရှိသည့် ရေပမာဏ စသည့်အချက်တို့သည် မြေကြီးမှထည့်ပေးသည့်ရေကို စုပ်ယူနိုင်စွမ်းပေါ် အကျိုးသက်ရောက်မှုရှိပါသည်။ ယေဘုယျအားဖြင့် မြေကြီးခြောက်သည့်အခြေနေတွင် လေဝင်ပေါက်များ အက်ကွဲကြောင်းများ ပေါ်လာပါသည်။ ထိုလေဝင်ပေါက်များနှင့် အက်ကွဲကြောင်းများသည် မြေကြီးစိုနေသည့် အချိန်တွင် ပိတ်သွားပါသည်။ ထို့ကြောင့် မြေကြီးခြောက်သည့်အချိန်တွင် ရေစိမ့်ဝင်စီးဆင်းသည့် နှုန်းထား အမြန်ဆုံးဖြစ်ပါသည်။ မြေကြီးစိုနေသည့်အချိန်တွင် ရေစိမ့်ဝင်စီးဆင်းသည့် နှုန်းထား နှေးသွားပြီး ကန့်သတ် ထားသော မြေကြီးအလွှာများစီသို့ စီးဆင်းသွားပါသည်။
မြေကြပ်ခြင်းသည် အိမ်မွေးတိရိစ္ဆာန်များ စက်ကိရိယာများမောင်းနှင်သည့်လမ်းကြောင်းများကြောင့် ဖြစ်ပေါ်ပါသည်။ အထူးသဖြင့် စိုစွတ်သည့်မြေကြီးများ နှင့် တူညီသောမြေလွှာအနက်တွင် ထပ်ခါထပ်ခါ ထယ်ထိုးထွန်မွေခြင်းတို့ကြောင့် မြေကြပ်ခြင်းကို ဖြစ်ပေါ်ပါသည်။ မြေကြပ်သော အလွှာတွင် လေဝင်လေထွက် ပေါက်လေးများ၏နေရာ လျော့နည်းခြင်းနှင့် မြေလွှာကိုဖြတ်၍ ရေစီးဆင်းမှုကို ကန့်သတ်ထားပါသည်။
မြေကြီးတွင်းသဘာဝပစ္စည်းများသည် ရေရှည်တည်တံ့သော မြေလုံးမြေခဲများဖြစ်ပေါ်မှု အပေါ် ကောင်း သောအကျိုးသက်ရောက်စေသည့် ရေစိမ့်ဝင်စီးဆင်းမှုကို သက်ရောက်မှုရှိပါသည်။ မြေကြီးတွင် သက်ရှိပစ္စည်း ပါဝင်မှု မြင့်မာခြင်းသည် မြေကြီးတွင်း တီကောင်ကဲ့သို့ သက်ရှိလေးများ၏ ကောင်းသော အလေ့အထကို ပေးစွမ်းနိုင်ပါသည်။ ထိုသက်ရှိများသည် မြေကြီးတွင်းကျင်းငယ်လေးများတူး၍နေထိုင်ပြီး မြေကြီးလေဝင် လေထွက်ပေါက်လေးများတိုးလာပြီး အပေါ်ယံအပင်စိုက်ပျိုးသည့်မြေလွှာမှ မြေအောက်လွှာအထိ လေပေါက် လေးများဖြင့် ဆက်စပ်ပေးနိုင်ပါသည်။
ရေစိမ့်ဝင်စီးဆင်းမှုညံ့ရသည့် ပြဿနာများ
စိမ့်ဝင်စီးဆင်းနိုင်သည့် စွမ်းရည်ထက်ပိုပြီး ရေလောင်းပေးသည့် အချိန်/ရေရရှိသည့်အချိန်တွင် မြေမျက်နှာပြင်မှ ရေများဖြတ်၍စီးသွားပါသည်။ မြေမျက်နှာပြင်မှဖြတ်၍စီးသွားခြင်းသည် အပင်စိုက်ပျိုးခြင်းမရှိသည့်မြေတွင် မြေတိုက်စား ဆုံးရှုံးခြင်းကို ဖြစ်စေပါသည်။ မျက်နှာပြင်မှ ရေဆုံးရှုံးခြင်းသည် အပင်အာဟာရ၊ ဓာတုပစ္စည်းများ နှင့် မြေကြီးများဆုံးရှုံးသွားခြင်းကြောင့် မြေကြီး၏ ထုတ်လုပ်နိုင်စွမ်းအားကို လျော့နည်းသွားစေသည့်အပြင် ချောင်း၊ ကန် စသည် ရေရှိသည့်နေရာတို့တွင် အနည်ထိုင်းခြင်းကို ဖြစ်စေပြီး ရေ၏အရည်သွေးကို ကျဆင်းသွား စေပါသည်။ ထိုရေသိုလှောင်ထားသော ဆည်၊ ချောင်းတို့တွင် ရေလှောင်နိုင်သည့် စွမ်းရည်ကို လျော့နည်းသွား သောကြောင့် ရေကြီးရေလွှမ်းခြင်းတို့ ဖြစ်စေပါသည်။
ရေစိမ့်ဝင်စီးဆင်းမှုကို ကန့်သတ်ထားခြင်းနှင့် မြေမျက်နှာပြင်တွင် ရေကန်များရှိနေခြင်းဖြင့် လေဝင် လေထွက်ညံ့ဖျင်းခြင်းတို့သည် အမြစ်ကြီးထွားမှုနှင့် အပင်ကြီးထွားမှုတို့ကို ညံ့ဖျင်းစေသကဲ့သို့ အပင်အာဟာရရှိမှု နည်းသွားခြင်းနှင့် မြေကြီးတွင်းသက်ရှိလေးများ၏ သံသရာစက်ဝန်းကို နည်းသွားပါသည်။ ရေအိုင်နှင့် ရေပြည့်ဝသည့်အခြေနေတို့သည် မြေသားတောင့်တင်းခိုင်မာမှုကို အားနည်းစေပြီး မြေသားတည် ဆောက်မှုကို ပျက်စီးသွားခြင်း၊ မြေမှုန်လေးများ၏ ကွဲထွက်မှုကို တိုးစေမြီး မြေတိုက်စားဆုံးရှုံးမှုကို ဖြစ်စေပါသည်။ မြေလွှာများနှင့် မြေမျက်နှာပြင်တွင် ရေအိုင်များသည် ရေငွေ့ပျံခြင်းကို တိုး၍ဖြစ်စေပြီး အပင်ကြီးထွား ဖို့အတွက် လိုအပ်တဲ့ ရေရှိမှုကို လျော့နည်းစေပါသည်။
ရေစိမ့်ဝင်စီးဆင်းမှု မြင့်မားခြင်းသည် အပင်ကြီးထွားခြင်းနှင့် ပတ်ဝန်းကျင်အတွက် လိုအပ်ပါသည်။ တချို့အခြေနေများတွင် မြေကြီးတွင်း ရေစိမ့်ဝင်စီးဆင်းမှုသည် မြေလွှာကို ဖြတ်၍စီးဆင်းမှုကို ကန့်သတ်ထား သောမြေကြီးသည် မှားယွင်းသောအပင်အာဟာရ ကျွေးမိလျင် ပတ်ဝန်းကျင်တွင် ပါဝင်ပတ်သက်နေပါသည်။ ဓာတုပစ္စည်းများသည် မြေအောက်ရေနှင့် အပေါ်ယံရေအရင်းမြစ်သို့ ရောက်ရှိသွားပါသည်။
ရေစိမ့်ဝင်စီးဆင်းမှုကို ကောင်းမွန်စေခြင်း
အမျိုးမျိုးသော သမရိုးကျစိုက်ပျိုးနည်းများသည် ရေစိမ့်ဝင်စီးဆင်းမှုကို ထိန်းသိမ်းထားနိုင်ခြင်း (သို့) ကောင်းမွန်စေပါသည်။ သဘာဝပေါက်ပင်များဖြင့် ဖုံးအုပ်ထားခြင်း၊ ပင်ကြွင်းပင်ကျန်များကို စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် မြေကြီးတွင် သက်ရှိပစ္စည်းများတိုးလာစေခြင်းအားဖြင့် ရေစိမ့်ဝင်စီးဆင်းမှုကို ကောင်းမွန်စေပါ သည်။ ယေဘုယျအားဖြင့် ထိုနည်းလမ်းများသည် မြေဆီလွှာပျက်ဆီးမှု၊ မြေကြပ်ခြင်းတို့ကို လျော့နည်းစေခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးနိုင်ခြင်း၊ ကောင်းမွန်သော မြေဆီလွှာဖြစ်ပေါ်မှုကို အားပေးခြင်းတို့ ဖြစ်စေ ပါသည်။ ရေစိမ့်ဝင်စီးဆင်းမှု ညံ့ဖျင်းမှုကို ရေတိုဖြေရှင်းနိုင်ရန် မြေမျက်နှာပြင်ကို ထယ်ထိုးခြင်းဖြင့် ချေဖျက် ပေးနိုင်ခြင်းနှင့် ထယ်ရေးနက်နက်ထွန်ပေးခြင်းဖြင့် ဖြေရှင်းပေးနိုင်ပါသည်။