မြေကြီးသက်ရှိပစ္စည်းများ (SOM)သည် မြေကြီး၏လုပ်ငန်းများအတွက် လိုအပ်ပါသည်။ မြေကြီး ကျန်းမာရေးအတွက် အရေးကြီးဆုံး ညွှန်းကိန်းဖြစ်ပါသည်။  ထိုပစ္စည်းများသည် မြေကြီး၏ သက်ရှိ အစိတ်ပိုင်းလည်း ဖြစ်ပါသည်။ ထိုသက်ရှိပစ္စည်းများတွင် သေးငယ်သော အပင်အကြွင်းကျန်များ၊ မြေကြီးတွင်း နေတိုင်သော သေးငယ်သော သက်ရှိတရိစ္ဆာန်လေးများ၊ ဆွေးမြေ့နေသော သက်ရှိပစ္စည်းများ၊ ဆွေးမြေ့ပြီးသော သက်ရှိပစ္စည်းများ စသည်တို့ ပါဝင်ပါသည်။

အများစုသော သက်ရှိပစ္စည်းများသည် အပင်အစိတ်ပိုင်းများမှ ရရှိပါသည်။ အပင်အကြွင်းကျန်များတွင် အစိုဓာတ်ပါဝင်မှု ၆၀-၉၀ ရာခိုင်နှုန်းပါဝင်ပါသည်။ ကျန်သည့်ရာခိုင်နှုန်းသည် ကာဗွန်၊ ဟိုက်ဒရိုဂျင် နှင့် အနည်းငယ်သော အာဟာရများဖြစ်သည့် ဆာလ်ဖာ၊ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် နှင့် မဂ္ဂနီဆီယမ်တို့ ပါဝင်ပါသည်။ ပမာဏအနည်းငယ်သာ ပါဝင်သော်လည်း ထိုပမာဏသည် မြေကြီးအာဟာရစီမံခန့်ခွဲမှုအရ ကြည့်လျှင် အလွန်အ‌ရေးကြီးသည့် အာဟာရများ ဖြစ်ပါသည်။

သက်ရှိပစ္စည်းများကို မြေပေါ်နှင့် မြေအောက်မှ ရရှိသော ပစ္စည်းများဟု (၂) ပိုင်းခွဲခြားနိုင်ပါသည်။ မြေပေါ်ပိုင်းသက်ရှိ ပစ္စည်းများတွင် အပင်အကြွင်းကျန်များနှင့် တရိစ္ဆာန်စွန့်ပစ်ပစ္စည်းများ ပါဝင်ပြီး မြေအောက်ပိုင်း သက်ရှိပစ္စည်းများတွင် မြေကြီးတွင်း နေထိုင်သော ပိုးကောင်ငယ်လေးများနှင့် အနည်းငယ်သော ဆွေးမြေ့အပင်ပစ္စည်း များနှင့် တိရိစ္ဆာန်စွန့်ပစ် ပစ္စည်းများ နှင့် ဆွေးမြေ့ပြီးသော သက်ရှိပစ္စည်းများ စသည်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။ သက်ရှိပစ္စည်းအမျိုးစားနှင့် ဆွေးမြေ့မှုလွယ်ကူခြင်း ခက်ခဲခြင်းကို တိုင်းတာရန် ကာဗွန် နိုက်ထရိုဂျင် အချိုး (C:N) ကို အသုံးပြုပါသည်။ C:N ပါဝင်မှုမြင့်သော ပစ္စည်းများ (သစ်သားပါသော သက်ရှိပစ္စည်းများ) သည် C:N ပါဝင်မှု နိမ့်သော ပစ္စည်းများ (နုညံ့သော သစ်ရွက်များ) ထက် ဆွေးမြေ့သည့်နှုန်းထားသည် ပို၍ကြာပါသည်။

သက်ရှိပစ္စည်းဆွေးမြေ့မှုအပေါ်တွင် ရာသီဥတု နှင့် မြေသားအနုအကြမ်း ပေါ် မှုတည်နေပါသည်။ ရာသီဥတု အခြေနေတွင် မိုးရွာသွန်းခြင်း၊ အပူချိန်၊ အစိုဓာတ် နှင့် လေဝင်လေထွက် (အောက်ဆီဂျင် ပါဝင်မှု) တို့သည် သက်ရှိပစ္စည်းများ ဆွေးမြေ့သည့် နှုန်းထားပေါ်များစွာ သက်ရောက်မှုရှိပါသည်။ ပူနွေးစိုစွတ်သော ရာသီဥတုတွင် ဆွေးမြေ့သည့်နှုန်းမြန်ပြီး အေးပြီးခြောက်သွေ့သည့်အချိန်တွင် ဆွေးမြေ့သည့်နှုန်းထား နှေးပါသည်။ လေဝင်လေထွက်ကောင်းသည့် မြေကြီးသည် ဆွေးမြေ့မှုမြန်ပြီး မြေကြီးသည် လေဝင်လေထွက်ညံ့သော အခြေနေ (အောက်ဆီဂျင် ပါဝင်မှုနည်းသည့်အချိန်) တွင် ဆွေးမြေ့မှု နှေးပါသည်။

ရုပ်ဂုဏ်သတ္တိ –

– မြေသားတည်ဆောက်မှုကို ကောင်းမွန်စေခြင်း

– ရေထိန်းထားနိုင်မှုအပေါ် လွမ်းမိုးနိုင်ခြင်း

– မြေဖုန်းကာလုပ်ပေးခြင်းအားဖြင့် ရေနှင့်မြေကြီး ဆုံးရှုံးမှုကို လျော့နည်းစေခြင်း

– မြေကြီးအပူချိန်ကို ထိန်းညှိပေးနိုင်ခြင်း

ဓာတ်ဂုဏ်သတ္တိ-

ဓာတ်ဖို ဖယ်လှယ်နိုင်စွမ်းအားကို တိုးစေခြင်း

မြေချဉ်ငန်ဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း

ဇီဝဂုဏ်သတ္တိ  – ဇီဝကမ္မဖြစ်စဉ်အတွက် စွမ်းအင်ပေးနိုင်ခြင်း

အာဟာရဓာတ်များ ထုတ်ပေးနိုင်ခြင်း

ဇီဝမျိုးကွဲများ တိုးလားစေခြင်း

မြေသားတည်ငြိမ်မှုကို ကောင်းစေခြင်း