အာဟာရအကျိုး ကျေးဇူးများ (Nutrient Benefit)

မော်လီဒီနမ်သည် မြေကြီးတွင် တွေ့ရသော အနည်းလိုအာဟာရတစ်မျိုး ဖြစ်ပါသည်။
နိုက်ထရိတ် ဓာတ်လျော့စေသည့် အမ်ဆိုင်း ချက်လုပ်မှုနှင့် လုပ်ဆောင်ချက်များအတွက် လိုအပ်ပါသည်။
လေထဲမှ N ဖမ်းယူပေးသော ပဲမြစ်ဖုဇီဝဘက်တီးရီးယားများအတွက် မော်လီဒီနမ် အာဟာရ လိုအပ်ပါသည်။

အပင်မှစုပ်ယူသော အာဟာရပုံစံ (Nutrient Uptake Form)

အပင်သည် မော်လီဒီနမ်အာဟာရကို MoO4 2-အနုတ်ဓာတ်ပုံစံဖြင့် စုပ်ယူပါသည်။ ‌
မော်လီဒီနမ် အာဟာရသည် တခြားသောအနည်းလိုအာဟာရများနှင့် မတူဘဲ မြေချဉ်ငန်ကိန်းတန်ဖိုး မြင့်လာသည်နှင့်အမျှ မော်လီဒီနမ် ရရှိမှုမြင့်လာပါသည်။

ရွေ့လျားနိုင်မှု (Nutrient Mobility)

မော်လီဒီနမ်အာဟာရသည် အပင်တွင်းရွှေ့လျားနိုင်သော အာဟာရဖြစ်သောကြောင့် အရွက်ရင့်များမှ အရွက်နုများဆီသို့ အလွယ်တကူပို့ဆောင်ပေးနိုင်ပါသည်။
ထိုသို့ရွေ့လျားနိုင်သောကြောင့် ချို့တဲ့သည့် လက္ခဏာကို အရွက်ရင့်များ (သို့) အောက်ခြေရှိအရွက်များတွင် တွေ့ရပါသည်။

မော်လီဒီနမ်ချို့တဲ့သည့် လက္ခဏာများ (Deficiency Symptom)

မော်လီဒီနမ် ချို့တဲ့သည့်လက္ခဏာသည် နိုက်ထရိုဂျင် (N) ချို့တဲ့မှုနှင့် ဆင်တူပါသည်။
အပင်၏ ထိပ်ပိုင်းအရွက်များ စိမ်းဝါရောင်မှ အဝါရောင် ပြောင်းသွားစေသည်။
မော်လီဒီနမ်ချို့တဲ့ခြင်းလျင် အရွက်အနားများ နေလောင်သကဲ့သို့ လည်းဖြစ်ပေါ်ပြီး အနားများကုတ်သွားနိုင်ပါသည်။

မော်လီဒီနမ်ချို့တဲ့မှုကို ကုစားနည်း (Management of Deficiency)

မော်လီဒီနမ် ချို့တဲ့မှုကို ကုစားသော ယေဘုံယျနည်းလမ်းမှာ မျိုးစေ့လူးနယ်အနေဖြင့် သုံးပြုပေးခြင်း ဖြစ်ပါသည်။
NaMO4 တစ်ဧက ၁၀ ဂရမ်နှုန်း မျိုးစေ့နှင့်လူးနယ်စိုက်ပါ။
ထို့ပြင် ရွက်ဖျန်းအနေဖြင့်လည်း သုံးနိုင်ပါသည်။