- စိုက်ပျိုးရေရရှိမှုနည်းလမ်းများအရ မြန်မာနိုင်ငံတွင်စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှုကို နွေစပါးနှင့်မိုးစပါး (၂)ရာသီ စိုက်ပျိုးကြပါသည်။
- စိုက်ပျိုးမြေဧကစုစုပေါင်း (၁၆၇)သန်းအနက် နှစ်စဥ်မိုးစပါးစိုက်ပျိုးနိုင်သော ဧကပေါင်း(၁၈)သန်း ရှိသည့်အတွက် စုစုပေါင်း စိုက်ပျိုးမြေဧရိယာ၏ ၁၀ % ခန့်ကို စပါးစိုက်ပျိုးကြသည်။
- နွေစပါး နှင့် မိုးစပါး ရာသီ နှစ်ခုပေါင်း ဧက(၂၀)သန်းအထိစိုက်ပျိုးလျှက် ရှိပါသည်။
- မိုးစပါးသီးနှံကို မိမိဒေသရှိ ရေထိမ်းနိုင်သောမြေ နှင့် လယ်မြေများတွင်စိုက်ပျိုးကြပြီး စိုက်ပျိုးခြင်း၏ အဓိကရည်မှန်းချက်မှာ စပါးအထွက်နှုန်းမြင့်မားစေရေး ပင်ဖြစ်သည်။
- မိုးကောင်းသောက်စပါး နှင့် ရေသွင်းစပါးအဖြစ် မိုးရာသီတွင် နိုင်ငံဒေသအနှံ့အပြား ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးကြခြင်းကြောင့် မိုးစပါးစိုက်ဧက ပို၍များပြားခြင်းဖြစ်သည်။
- မိုးရွာသွန်းမှုပုံစံ နှင့် ရာသီဥတုအခြေအနေအပေါ်မူတည်၍ ဒေသအလိုက် မိုးစပါးစိုက်ပျိုးချိန် ကွာခြားပါသည်။
- မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသများ ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နှင့် မွန်ပြည်နယ်တို့တွင် မိုးစပါးကို မေလ မှ ဇူလိုင်လအတွင်း စိုက်ပျိုးပြီး စက်တင်ဘာလ မှ ၊ နိုဝင်ဘာလအတွင်းရိတ်သိမ်းကြသည်။
- အလယ်ပိုင်းဒေသတွင် မုတ်သုန်ဝင်ချိန် နှင့် ဆည်ရေပေးဝေချိန်အရ မိုးစပါးစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်တို့ကွာခြားကြသည်။
- မိုးစပါးစိုက်ပျိုးရာတွင် ကြဲခင်းစိုက်ပျိုးခြင်း၊ ပျိုးထောင်၍ စိုက်ပျိုးခြင်း စသည်ဖြင့် ဒေသအလိုက် ရေရရှိမှု အခြေအနေ နှင့် လုပ်သားရရှိနိုင်မှုအပေါ် မူတည်ပြီး စိုက်ချိန် နှင့် စိုက်နည်းစနစ်များ ကွာခြား သွားပါသည်။
- မျိုးကောင်းမျိုးသန့်များ ရွေးချယ်ခြင်း
မိုးစပါးစိုက်ပျိုးရန် အောက်ပါအချက်များအတိုင်း မျိုးရွေးချယ်စိုက်ပျိုးပါ။
- မိမိဒေသ၊ ရာသီဥတုနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ပါ။
- အထွက်နှုန်း နှင့် အရည်အသွေးကောင်းသောမျိုးကို ရွေးချယ်ပါ။
- အပင်ပေါက်နှုန်း ၈၀ % အထက်ဖြစ်စေရန် အပင်ပေါက်နှုန်းစမ်းသပ်ပြီးမှစိုက်ပျိုးပါ။
- အရွယ်ညီပြီးအစေ့အဆန်ပြည့်ဖြိုးသောမျိုးစေ့ကို ဆားရည်စိမ်ခြင်းနည်းလမ်းများအသုံးပြုရွေးချယ်ပါ။
- ပျိုးဘောင်စနစ်ဖြင့် စနစ်တကျပျိုးထောင်ခြင်း
- တမန်းကောင်း၍ညီညာသောအကွက်တွင် စပါးတစ်ဧကစိုက်ပျိုးရန်အတွက် ၁၂၀-ပေ အရှည်၊ ၃-ပေ အကျယ်၊ ၄ လက်မအမြင့် ပျိုးဘောင် (၇)ဘောင်လိုအပ်ပါသည်။
- စာပါးစပ်ပြူရုံ မျိုးညှောင့်ဖောက်၍ ပျိုးဘောင်ပေါ်တွင် စပါးစေ့ပူးကပ်မနေစေရန် ဂရုစိုက်၍ကြဲပါ။
- မျိုးစေ့အလေအလွင့်နည်းစေပြီး ပျိုးပင်ကြီးထွားသန်မာစေသည်။
- ပျိုးဘောင်ပေါ်တွင် စက်ဇွဲပြာ လုံအောင်ဖုံးပေးပါ။
- ပျိုးဘောင်ကို ရေမလွှမ်းစေဘဲ ရေမပြတ်ရုံ ပါးပါးသွင်းပေးခြင်းသည် ပျိုးပင်ညီညာစေပြီးပင်ပွားအားကောင်းစေပါသည်။
- ပျိုးဘောင်စနစ်ဖြင့် စနစ်တကျပျိုးထောင်ခြင်း
- တမန်းကောင်း၍ညီညာသောအကွက်တွင် စပါးတစ်ဧကစိုက်ပျိုးရန်အတွက် ၁၂၀-ပေ အရှည်၊ ၃-ပေ အကျယ်၊ ၄ လက်မအမြင့် ပျိုးဘောင် (၇)ဘောင်လိုအပ်ပါသည်။
- စာပါးစပ်ပြူရုံ မျိုးညှောင့်ဖောက်၍ ပျိုးဘောင်ပေါ်တွင် စပါးစေ့ပူးကပ်မနေစေရန် ဂရုစိုက်၍ကြဲပါ။
- မျိုးစေ့အလေအလွင့်နည်းစေပြီး ပျိုးပင်ကြီးထွားသန်မာစေသည်။
- ပျိုးဘောင်ပေါ်တွင် စက်ဇွဲပြာ လုံအောင်ဖုံးပေးပါ။
- ပျိုးဘောင်ကို ရေမလွှမ်းစေဘဲ ရေမပြတ်ရုံ ပါးပါးသွင်းပေးခြင်းသည် ပျိုးပင်ညီညာစေပြီးပင်ပွားအားကောင်းစေပါသည်။

- တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်း
- သေချာစွာထယ်ရေးပြင်ထားသော လယ်ကွက်တွင် မျိုးစေ့ကို စက်ဖြင့်ဖြစ်စေ၊ လက်ဖြင့်ဖြစ်စေ တိုက်ရိုက်ချ စိုက်ပျိုးခြင်းဖြစ်ပါသည်။
- မျိုးစေ့တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းသည် လုပ်အားသက်သာပြီး အချိန်ကုန်သက်သာစေပါသည်။ ပေါင်းမြက်နှိမ်နင်းမှုကို အထူးဂရုစိုက်ရန် လိုအပ်သည်။

- ရေသွင်းစနစ်နှင့် စနစ်တကျပြုစုခြင်း
- စိုက်ခင်းသို့ရွေ့ပြောင်းစိုက်ပြီး ပင်ပွားစောစောထွက်စေရန် ရေသွင်းရေခမ်းစနစ်ဖြင့် ရေပေးသွင်းပါ။ လုံလောက်သော ပင်ပွားရပြီးပါကနောက်ကျပင်ပွားများထွက်မလာစေရန် ရေလွှမ်းသတ်သော စနစ်ကို အသုံးပြုပါ။
- စပါးစိုက်ခင်းအစိုဓာတ်ရှိနေရန်နှင့် ပေါင်းမြက်ကင်းစေရန်ဂရုစိုက်ပါ။
- ပိုးမွှား/ရောဂါကျရောက်မှုကို ကင်းထောက်စစ်ဆေးပါ။ဘက်စုံပိုးမွှား/ရောဂါ ကာကွယ်နှိမ်နင်းနည်းကို အသုံးပြုပါ။
- အရည်အသွေးမီ မြေသြဇာကို စပါးပင်လိုအပ်ချိန်တွင် အချိုးညီ၊ အချိန်ကိုက်ကျွေးပေးပါ။
- အလေအလွင့်မရှိအောင်ရိတ်သိမ်းခြင်း
- စပါးနှံများရင့်မှည့်မှုညီညာပြီးမောင်းညိုချိန်တွင်ကောက်ရိတ်စက်အသုံးပြု၍အလေအလွင့်အနည်းဆုံး ဖြစ်ရန်ရိတ်သိမ်းပါ။
- စပါးမရိတ်မီစက်ဝင်ရလွယ်ကူ စေရန် အနှံရင့်မှည့်စတွင် ရေထုတ်ထားပါ။ ကောင်းစွာခြောက်သွေ့ စေပြီးမှ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်းသည် ဆန်အရည်အသွေးကိုကောင်းမွန်စေပါသည်။
- မိုးစပါးစိုက်ပျိုးသောလယ်သမားကြီးများသည် စပါးအထွက်နှုန်းကောင်းမွန်စေရန်နှင့်
- စပါးအရည်အသွေးကောင်းမွန်စေရန်အတွက်အထွက်တိုးနည်းပညာများလိုက်နာကျင့်သုံးကြရန်လိုအပ်ပါသည်။
- မိုးစပါးအထွက်တိုးစေနိုင်သည့် စပါးအထွက်နှုန်း မိတ်ဖက်များ၏ တန်ဖိုးမြင့်မားစေရန် လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။
