အာဟာရအကျိုး ကျေးဇူးများ (Nutrient Benefit)

အပင်ကြီးထွားဖို့အတွက် အစာချက်လုပ်ခြင်းအတွက် လိုအပ်တဲ့ နေရောင်စွမ်းအင်စုပ်ယူဖို့အတွက် အပင်က မဂ္ဂနီဆီယမ်အာဟာရလိုအပ်ပါသည်။
မဂ္ဂနီဆီယမ်သည် အပင်တွင်း ဖော့စဖောရပ် သယ်ဆောင်သူအနေဖြင့် ဆောင်ရွက်ပေးပါတယ်။
ဖော့စဖောရပ်သည် အမြစ်ဖြစ်ပေါ်ကောင်းမွန်ခြင်းနှင့် အာဟာရနှင့် ရေ အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ပါသည်။

အပင်မှစုပ်ယူသော အာဟာရပုံစံ (Nutrient Uptake Form)

အပင်သည် မဂ္ဂနီဆီယမ်အာဟာရကို မြေကြီးပျော်ရည်တွင်း ပျော်ဝင်နေသော Mg2+ အိုင်းရွန်း အနေဖြင့် စုပ်ယူပါ သည်။
အသုံးအများဆုံးသော မဂ္ဂနီဆီယမ်အရင်းမြစ်သည် ဒိုလိုမိုက်ဖြစ်ပါသည်။
ဒိုလိုမိုက်သည် မဂ္ဂနီဆီယမ်နှင့် ကယ်လ်ဆီယမ်နှစ်မျိုးလုံးပါဝင်ပြီး မြေချဉ်မှုကိုလည်း သက်သာစေပါသည်။

ရွေ့လျားနိုင်မှု (Nutrient Mobility)

မဂ္ဂနီဆီယမ် အာဟာရသည် အပင်တွင်း‌ရွေ့လျားနိုင်ပြီး အရွက်ရင့်များ မှ အရွက်နုများထိ လွယ်ကူစွာရွေ့လျား နိုင်ပါသည်။

မဂ္ဂနီဆီယမ်ချို့တဲ့သည့် လက္ခဏာများ (Deficiency Symptom)

မိုးကောင်းသောက်လယ်မြေများ၊သဲဆန်သောမြေနှင့်မြေချဥ်များတွင်တွေ့ရတတ်သည်။
မြေဆီလွှာတွင် အပင်မှစုပ်ယူရရှိနိုင်သောမဂ္ဂနီစီယမ်ဓာတ်ပါဝင်မှုနည်းပါးခြင်း၊ ပိုတက်စီယမ် ပါဝင်မှုမြင့်မားခြင်းတို့ကြောင့် မဂ္ဂနီစီယမ်ချို့တဲ့စေသည်။
အပင်၏အရွက်ရင့်များတွင်စတင်တွေ့နိုင်သည်။
ချို့တဲ့သည့် လက်က္ခဏာများသည် ရွက်ကြောများ ကြားတွင် လိမ္မော်ရောင်၊ အဝါရောင်၊ ရောင်မညီကွက်ကြားများ တွေ့ရသည်။

မဂ္ဂနီဆီယမ်ချို့တဲ့မှုကို ကုစားနည်း (Management of Deficiency)

မဂ္ဂနီဆီယမ်ပါသော ကွန်ပေါင်းမြေသြဇာကျွေးပေးနိုင်ပါသည်။
ရွက်ဖျန်းမြေသြဇာ(MgSO4-ဆားခါး) အသုံးပြု၍ ပက်ဖျန်းပါ။ (ဆားခါးသည် အပင်၏ Nနှင့် Pကို စုပ်ယူမှုကောင်းစေသည်။)
ဒိုလိုမိုက်ကျောက်မှုန့် (Dolomite)၊MgNO3, MgCL2, MgSO4 တို့ထည့်သွင်းပေးပါ။
သဲဆန်သောမြေတွင် သီးထပ်စိုက်ပျိုးပါက မဂ္ဂနီစီယမ်ပါသောမြေသြဇာကို ကျွေးပေးပါ။ ကောက်ရိုး၊ပြာတို့ကို ထည့်ပေးပါ။
မြေဆီလွှာထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပါ။