အာဟာရအကျိုး ကျေးဇူးများ (Nutrient Benefit) အပင်ကြီးထွားဖို့အတွက် လိုအပ်သော အများလို အာဟာရတစ်မျိုးဖြစ်ပါသည်။အပင်၏အမြစ် ဖွံ့ဖြိုးကြီးထွားမှုကို အားပေးပါသည်။ ရေစုပ်ယူမှု ကောင်းမွန်စေသည်။ ပန်းပွင့်ခြင်းကို အားပေးပြီး ပန်းပွင့်မှု၊ ရင့်မှည့်မှုကိုစောစေပါသည်။ သီးနှံပင်၏ အစေ့၊ အဆန်နှင့်အသီးများ ဖွံ့ဖြိုးကြီးထွားရန် မရှိမဖြစ်လိုအပ် သော အာဟာရတစ်မျိုးဖြစ်ပါသည်။ ဥစားသီးနှံများဖြစ်သော အာလူး၊ ကြက်သွန်၊ ကန်စွန်းဥ ကဲ့သို့သော သီးနှံများအတွက် မရှိမဖြစ်အသုံးပြုသင့်သော အာဟာရမျိုး ဖြစ်ပါသည်။ အပင်မှစုပ်ယူသော အာဟာရပုံစံ (Nutrient Uptake Form) အပင်မှ အော်သိုဖော့စဖိတ်ပုံစံဖြင့် (H2PO4- နှင့် HPO42-) စုပ်ယူစားသုံးပါသည်။ စျေးကွက်တွင် DAP ပုံစံဖြင့် ရရှိ ဖော့စဖောရပ် ပမာဏများစွာ ရရှိနိုင်ပါသည်။ ကွန်ပေါင်းမြေစာများတွင်လည်း ဖော့စဖောရပ် အာဟာရ ပါဝင်ပါသည်။ ရွေ့လျားနိုင်မှု (Mobility) မြေကြီးတွင် ရွေ့လျားမှုနှေးသော အာဟာရဖြစ်သောကြောင့် အပင်နှင့် ကပ်၍ကျွေးပေးသင့်ပါသည်။ ဖော့စဖောရပ်ချို့တဲ့သည့် လက္ခဏာများ (Deficiency Symptom) အရွက်များသေးငယ်၍ ထောင်မတ်ခြင်း။အပင်ကြီးထွားမှု နှေး၍အပင်ပုခြင်း၊ အမြစ်ထွက်နှေးခြင်း၊ အသီး၊ အစေ့ဖွံ့ဖြိုးမှု အားနည်းစေခြင်း။ အစေ့ အဆန်မအောင်တော့ဘဲ အစေ့အဆန်သေးသွားခြင်း။ သီးနှံ၏ ရင့်မှည့်မှုကို နောက်ကျစေခြင်း။ ဖော့စဖောရပ်ချို့တဲ့မှုကို ကုစားနည်း (Management of Deficiency) သဘာဝမြေသြဇာ(နွားချေး၊ကြက်ချေး၊လင်းနို့ချေး) ထည့်ပါ။ တီစူပါမြေသြဇာ (ဖော့စဖရပ် ၄၅ %) ထည့်ပေး ပါ။ သီးနှံမစိုက်မှီ မြေပြင်စဥ်ကပင် တီစူပါမြေသြဇာကို ထည့်ပေးသင့်ပါသည်။ ချို့တဲ့သောလက္ခဏာပြမှ ထည့်ပေးပါက သီးနှံပင်အတွက် အကျိုးမရှိတော့ပါ။