အာဟာရအကျိုး ကျေးဇူးများ (Nutrient Benefit)

အပင်ကြီးထွားဖို့အတွက် လိုအပ်သော အများလို အာဟာရတစ်မျိုးဖြစ်ပါသည်။ 
အပင်၏ အစိမ်း‌ရောင် ကလိုရိုဖီး ဖြစ်ပေါ်မှုကို အားပေးသည်။
အပင်၏ ပင်ပိုင်းဆိုင်ရာ (အညွှန့်၊ အကိုင်း၊ အရွက်၊ ပင်စည်) ကြီးထွားမှုကိုအားပေးသည်။ အရွက်၊ အစေ့၊ အဆန်တို့တွင် ပရိုတင်းပါဝင်မှုကိုများစေသည်။

အပင်မှစုပ်ယူသော အာဟာရပုံစံ (Nutrient Uptake Form)

အပင်များသည် အများအးဖြင့် နိုက်ထရိုဂျင်ကို အမိုနီယမ် (NH4+) သို့မဟုတ် နိုက်ထရိတ် (NO3-) ပုံစံဖြင့် စုပ်ယူလေ့ရှိပါသည်။
ယူရီးယားကို အရွက်မှတိုက်ရိုက် စုပ်ယူကြပါသည်။
ရေတွင်ပျော်ဝင်သော အမိုင်နိုအက်စစ်ကဲ့သို့ ပစ္စည်းများမှ နိုက်ထရိုဂျင်ပမာဏ အနည်းငယ်ကို ရရှိပါသည်။

ရွေ့လျားနိုင်မှု (Nutrient Mobility)

နိုက်ထရိုဂျင်သည် မြေကြီးတွင် ရွှေ့လျားမှုအလွန်မြန်ပြီး အပင်တွင်းတွင်လည်း ရွေ့လျားနိုင်သော အာဟာရတစ်မျိုးဖြစ်ပါသည်။
မြေကြီးရှိရေတွင် ပျော်ဝင်သွားပြီး အပင်အမြစ်မျက်နှာပြင်သို့ရောက်ရှိကာ အပင်မှစုပ်ယူသွားပါသည်။

နိုက်ထရိုဂျင်ချို့တဲ့သည့် လက္ခဏာများ (Deficiency Symptom)

အရွက်အရွယ်စားသေးငယ်ခြင်း။
အရွက်ရင့်များ၊ အပင်၏အောက်ပိုင်းရှိ အရွက်များသည် အစိမ်းရောင်မှ အစိမ်းနုရောင်၊ အဝါနုရောင်သို့ ပြောင်းလဲသွားခြင်းကို တွေ့ခြင်း။အပင်ပုခြင်း၊ အမြစ်ကြီးထွားမှုနှေးခြင်း။
အပင်ကြီးထွားမှုနှေးကွေးခြင်းမှ ချို့တဲ့မှုပြင်းထန်လာလျင် ကြီးထွားမှုရပ်တံ့စေခြင်း။
အထွက်နှုန်း လျော့နည်းခြင်း။

နိုက်ထရိုဂျင်ချို့တဲ့မှုကို ကုစားနည်း (Management of Deficiency)

သဘာဝမြေသြဇာ(နွားချေး၊ ကြက်ချေး၊ လင်းနို့ချေး) ထည့်ပေးပါ။ နိုက်ထရိုဂျင်ပါသော မြေသြဇာမျိုးကို ကျွေးပေးပါ။
(အစိုဓာတ်လုံလောက် စွာ ရှိချိန်တွင်ထည့်ပါ။) ဥပမာ – ယူရီးယား မြေသြဇာ(N ၄၆ %)။
နိုက်ထရိုဂျင်အာဟာရ ဆုံးရှုံးမှု နည်း စေရန် သဘာဝမြေသြဇာ (၃)ဆ ကို ယူရီးယား(၁)ဆဖြင့် ရော၍ တစ်ညအိပ်ရောနှပ်ပြီး ကျွေးပေးပါ။
နိုက်ထရိုဂျင်မြေသြဇာကို သီးနှံကြီးထွားသည့် ကာလအတွင်း အကြိမ်ကြိမ်ခွဲ၍ကျွေးပေးပါ။
အပင်လို အပ်ချိန်တွင် အပင်မှ အမြန်ဆုံး ရစေရန် နိုက်ထရိုဂျင်ပါသော ရွက်ဖျန်း မြေသြဇာကို အသုံးပြုပါ။