ဓာတ်ဖိုဖလှယ်နိုင်စွမ်းအား (CEC) သည် အပင်ကို အပင်အာဟာရပံ့ပိုးပေးနိုင်မှု နှင့် ထိန်းထား နိုင်မှုကို လွှမ်းမိုးသော အခြေခံချဆုံးသော မြေကြီးဂုဏ်သတ္တိတစ်မျိုးဖြစ်ပါသည်။ မိမိမြေကြီး၏ ဓာတ်ဖိုဖလှယ် နိုင်စွမ်းအားကို သိရှိပြီး စီမံခန့်ခွဲနိုင်ခြင်းအားဖြင့် မြေသြဇာဆုံးရှုံးမှုကို လျော့နည်းစေခြင်း၊ သွင်းအားစုကုန်ကျ စားရိတ်ကို ထိန်းထားနိုင်ခြင်းနှင့် မြေကြီးရေရှည်ကျန်းမာမှုကို ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါသည်။
ဓာတ်ဖိုဖလှယ်နိုင်စွမ်းအား (CEC) ဆိုသည်မှာ မြေကြီးတွင် အဖိုဓာတ်များ ထိန်းထားနိုင်မှုနှင့် ဖလှယ်နိုင်စွမ်းရည်ကို တိုင်းတာခြင်းဖြစ်ပါသည်။ ဥပမာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ် ကဲ့သို့သော အဖိုဓာတ်များ။
မြေမှုန်လေးများတွင် ရွံ့စေးနှင့် သက်ရှိပစ္စည်းတို့ပါဝင်ပြီး မြေကြီးရုပ်ဂုဏ်သတ္တိ ဓာတ်ဂုဏ် သတ္တိနှင့် ဇီဝဂုဏ်သတ္တိများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ မြေမှုန်လေး များသည် အရွယ်စားအလွန်သေးငယ်ပြီး မြေမှုန်လေးများသည် အမဓာတ် (အနုတ်ဓာတ်) အာနိသင်ရှိပါသည်။ ထို့ကြောင့် အပေါင်းဓာတ်ရှိသော အာဟာရများကို မြေကြီးတွင် ထိန်းထားနိုင်ခြင်းဖြစ်ပါသည်။ မြေလုံးအရွယ်စားသေးလေလေ မျက်နှာပြင်ဧရိယာများလေ လေ ဖြစ်သောကြောင့် ဓာတုဓာတ်ပြုမှုများနှင့် သေးငယ်သောပိုးကောင်လေးများအတွက် နေထိုင်ရာနေရာ ပေးစွမ်းနိုင်ပါသည်။ ထို့ကြောင့် သဲဆန်သောမြေနှင့် နှုန်းမြေအရွယ်စားကို ကြည့်လျှင် နှုန်းမြေသည် သဲဆန်သောမြေထက် မျက်နှာပြင်ဧရိယာပို၍များပါသည်။

CEC တန်ဖိုးမြင့်သောမြေသည် အာဟာရများကို ပို၍ထိန်းသိမ်းထားနိုင်ပြီး အပင်စုပ်ယူဖို့အတွက် အစင်သင့်ပြုလုပ်ထား ပေးပါသည်။ ရွံ့စေးနှင့် သက်ရှိပစ္စည်းပါဝင်သော မြေကြီးသည် CEC တန်ဖိုးမြင့်သော မြေကြီးသည် အပင်အာဟာရများကို ပိုမိုမြဲမြန်စွာ တွယ်ကပ်ထားခြင်း၊ အာဟာရဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ခြင်း နှင့် အပင်အတွက် ပုံမှန်အာဟာရထောက်ပံ့ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။ CEC တန်ဖိုးမြင့်သော မြေကြီးသည် မြေသြဇာပမာဏများများကို အကြိမ်အရေတွက်နည်းနည်းဖြင့် ကျွေးပေးနိုင်ပြီး မြေချဉ်ငန်ဓာတ်ကို တိုင်းတာစစ်ဆေးပြီး အကောင်းဆုံးအပင်အာဟာရ ရရှိမှုကို ထိန်းထားနိုင်ပါသည်။ CEC တန်ဖိုး နိမ့်သော မြေကြီး (သဲဆန်သောမြေ) သည် အပင်အာဟာရကို မြန်ဆန်စွာဆုံးရှုံးနိုင်ခြင်း၊ မကြာခဏလိုအပ်ခြင်း၊ သီးနှံကျန်းမာစွာ ထိန်းသိန်းထားနိုင်ဖို့ တိကျသော အာဟာရကျွေးခြင်း တို့လိုအပ်ပါ သည်။ CEC တန်ဖိုးနိမ့်သော မြေကြီးသည် မြေသြဇာပမာဏနည်းနည်းဖြင့် အကြိမ်ကြိမ်ကျွေးပေးဖို့လိုအပ်ပြီး သက်ရှိပစ္စည်းများဖြင့် ရော၍ကျွေးပေးခြင်းသည် ထိန်းထားနိုင်မှုကို တိုးစေပါသည်။ တိကျသော အပင်အာဟာရအစီစဉ်ကို ထောက်ခံချက်ပေးရန် နှင့် CEC အချက်အလက်မှန်ကန်စေရန် မြေကြီး ဓာတ်ခွဲစမ်းသပ်ရန် မရှိမဖြစ်လိုအပ်ပါသည်။
