အာဟာရအကျိုး ကျေးဇူးများ (Nutrient Benefit)

အပင်အင်ဇိုင်းများတွင် မရှိမဖြစ်လိုအပ်သည်။
အင်ဇိုင်းတို့၏လုပ်ဆောင်မှုကိုကောင်းစေသည်။
ပရိုတင်းနှင့် အမိုင်နိုအက်ဆစ်ဖြစ်ပေါ်ရန် အဓိကလိုအပ်သည်။ ရေစုပ်ယူခြင်း၊ ရေအသုံးပြုခြင်းကို အသင့်အတင့် ထိမ်းပေးသည်။

အပင်မှစုပ်ယူသော အာဟာရပုံစံ (Nutrient Uptake Form)

အပင်မှ ဇင့်ဓာတ်ကို Zn2+ အိုင်းရွန်းပုံစံဖြင့် စုပ်ယူပါသည်။
ဇင့်ဓာတ်သည် ပထမဆုံးအသိမှတ်ပြုခံရသည့် အရေးကြီး အနည်းလိုအာဟာရတစ်မျိုးဖြစ်ပြီး အထွက်နှုန်းပေါ် ကန့်သတ်ချက်အများဆုံး အာဟာရလည်း ဖြစ်ပါသည်။

ရွေ့လျားနိုင်မှု (Nutrient Mobility)

ဇင့်ဓာတ်သည် အပင်တွင်းရွေ့လျားမှုနည်းသော အာဟာရဖြစ်သောကြောင့် ချို့တဲ့သည့်လက္ခဏာကို ပို၍နုသော အရွက်များ၊ အညွှန့်များတွင် စတင်တွေ့ရှိရပါသည်။

ဇင့်ချို့တဲ့သည့် လက္ခဏာများ (Deficiency Symptom)

ဇင့်ဓာတ်ချို့တဲ့မှုကို သီးနှံများပင်တွင် အများဆုံးတွေ့ရပါသည်။
ပရိုတင်းချက်လုပ်ခြင်းနှင့် ကြီးထွားမှုကို ထိန်းညှိရန် Zn အာဟာရလိုအပ်ပါသည်။
Zn ချို့တဲ့သော အပင်များသည် ဟော်မုန်းထုတ်လုပ်ခြင်းကို လျော့နည်းစေသောကြောင့် ဆစ်ကြားတိုပြီး အရွက်ကြီး ထွားမှုကို ရပ်တန့်စေပါသည်။
စပါးရွေ့ပြောင်း စိုက်ပျိုးပြီး ၂-၄ ပတ် အတွင်းရွက်နုမျက်နှာပြင် ညိုမဲသောအစက်ပြောက်များတွေ့ရသည်။
စပါးရွက်သေး ချွန်ပြီး ကြီးထွားမှု ရပ်တံ့သည်။

ဇင့်ချို့တဲ့မှုကို ကုစားနည်း (Management of Deficiency)

ဇင့်ပါသော မြေသြဇာ(FeSO4)ထည့်ပေးခြင်း၊ မြေပြင်ချိန် ကြဲပက်ထည့်ပေးခြင်း၊ စိုက်ချိန်တွင် မျိုးစေ့ နှင့်ရော၍စိုက်ခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။