အာဟာရအကျိုး ကျေးဇူးများ (Nutrient Benefit) အစာချက်လုပ်ရာတွင် ပါဝင်သော ဓာတ်တိုး အင်ဇိုင်များအတွက် လိုအပ်သည်။အသီးနှင့် ဟင်းသီး ဟင်းရွက် တို့၏ အရသာကို ကောင်းမွန်စေသည်။ အပင်မှစုပ်ယူသော အာဟာရပုံစံ (Nutrient Uptake Form) အပင်က ကော့ပါးကို Cu2+ အိုင်းရွန်းပုံစံဖြင့် အမြစ်ကစုပ်ယူပါသည်။Cu2+ အိုင်းရွန်းသည် မြေကြီးထဲတွင် ပေါများစွာရှိပါသည်။ ရွေ့လျားနိုင်မှု (Nutrient Mobility) ကော့ပါးအာဟာရသည် အနည်းလိုအာဟာရများထဲတွင် အများဆုံးမရွေ့လျှားနိုင်သော အာဟာရတစ်မျိုး ဖြစ်ပါသည်။ချို့တဲ့သည့် လက္ခဏာကို အသစ်ကြီးထွားသည့် အညွှန့်များတွင် ပထမဆုံးတွေ့ရပါသည်။ ကော့ပါးချို့တဲ့သည့် လက္ခဏာများ (Deficiency Symptom) အရွက်ထိပ်အညိုရောင်ဖြစ်ခြင်း၊ အဝါရောင်အစက်အပြောက်များတွေ့ရပါသည်။အစေ့အဆန်သေးခြင်းနှင့် သီးနှံအထွက်နှုန်းကို လျော့နည်းစေပါသည်။ ကော့ပါးချို့တဲ့မှုကို ကုစားနည်း (Management of Deficiency) CuSO4 ၊ Copper Chelates ကို ရွက်ဖျန်းအဖြစ် အသုံးပြုခြင်း၊ မြေပြင်ချိန်တွင်လည်း ထည့်ပေးနိုင်ပါသည်။